>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့  နယ် ရွာတန်း
(၂၄)ရွာဒေသ ကိုယ့်အားကိုယ်
ကိုး လျှပ်စစ်မီး ရရှိရေးဆောင်
ရွက် ရာမှာ 33KV ဓာတ်အား
ခွဲရုံအတွက် နိုင် ငံတော်မှ စီ
စဉ်ပေးသော 1250 KVA
ထရန်စ ဖော်မာကို ပျော်ဘွယ်
မှ ရွာတန်းသို့ ဒီနေ့ သယ်ယူ
ပြီးပါပြီ။
ယခင် က 1250 KVA ထရန်စ ဖော်မာ တစ်လုံးတည်း
သာ ရာထားခဲ့ပေမဲ့ အနီးနားရှိ
အခြားရွာများကလည်း မီးလင်း
ရေးဆောင် ရွက်လာကြလို့
နောက်ထပ် 1250KVAတစ်လုံး
တာဝန် ရှိသူများကစီစဉ်ပေးခဲ့
ပါတယ်။
အဲဒီထရန်စ ဖော်မာတွေက
တစ်လုံးကို 5တန်လောက်
လေးတဲ့ အတွက် ၁၂ ဘီးကား
ပေါ်ကို ကရိန်းနဲ့ အတင် အချ
လုပ် ရပါတယ်။
ထရန်စ ဖေါ်မာသယ်ယူတဲ့
ကိစ္စမှာ ဒီနေ့ အကူအညီပေး
ခဲ့ကြသူတွေသာ မကူညီခဲ့ရင်
ငွေကျပ်ဆယ်သိန်းကျော်ကုန်
မှာဖြစ်ပါတယ်။ အဖက်ဖက်က
ကူညီကြလို့ သက်သာစွာနဲ့
ထရန်စ ဖေါ်မာနှစ်လုံးသယ်ယူ
နိုင် ခဲ့ပါတယ်။
ကူညီကြသူများ=====
***ဦးကျော်ကျော်ထွန်း
ခရိုင် အုပ်ချုပ်ရေးမှူး
( ကရိန်းကားရရှိရေး နှင့် တန်ပိုဂိတ်ကြေးသက်သာခွင့်
ရ ရေးကူညီသည်။အစစ အရာ အရာ အဆင်ပြေ စိတ်ချမ်း
သာအောင် လည်း ဆောင် ရွက်
ပေးသူဖြစ်ပါတယ်။)
***ဦးကျော်သူရ
ခရိုင် လျှပ်စစ်မှူး
( ကရိန်းကားရရှိရေး လမ်းညွှန်
ပြပြီး သယ်ယူရေး ၁၂ဘီးကား
ရရှိရေး စီစဉ်ပေးသူ ၊ရာထူးပါဝါ
ဘာမျှ မ အောက်မေ့ဘဲ
ကပ္ပိယ ကျောင်းသားတစ်
ယောက်ပမာ လက်တွဲလုပ်ကိုင်
ပေးသူလည်းဖြစ်ပါတယ်။)
***အမျိုးသားကြီးပွါးတိုးတက်
ရေးကုမ္ပဏီ မှ ကိုမျိုး
( ကရိန်းကားကို အခမဲ့ ငှါးရမ်း
ပြီး စက်ဆီမျှသာ ထည့်ပေးစေ
၍ ကူညီသူ ။ မမြင် ဘူး မ တွေ့ 
ဘူးပေ မဲ့ အဆင် မ ပြေတာရှိ
လျှင် မိန့်ပါဘုရား -ဟု လည်း
ဖုန်းနဲ့ လျှောက်ထားပါတယ်။)
***ရမည်းသင်း တန်ပိုဂိတ် တာဝန် ရှိသူများ
( ကရိန်းကားကို အခမဲ့ ဖြတ်
သန်းခွင့်ပြုပြီး ကူညီပါတယ်။
အခ ပေး ရလျှင် အသွားအပြန်
ကျပ် ၆-သိန်းခန့် ပေးရ ကြောင်း
သိရပါတယ်။)
***ဦးညွန့်ဝင်း ပျော်ဘွယ်မထသ
(မိမိပိုင် 12ဘီးကားကို အခ
ကြေးငွေ မယူဘဲ ကုန်ကျသော
စက်ဆီသာ ထည့်ပေးစေ၍
ကူညီသူ ၊မသိဘူး မမြင် ဘူးဘဲ
ကူညီသူလည်းဖြစ်ပါတယ်။)
ဒီနေ့ အခမဲ့ ကူညီကြတဲ့
ယာဉ်များဟာ တခြားအရပ်က
မဟုတ်ဘဲ ကိုယ့်အရပ် ရွာတန်းကသာ
ဖြစ်ခဲ့ရင် တန် ရာတန်ကြေး
ပေးပြီးငှါးမှ ရမှာ သေချာ
ပါတယ်။
အဲဒါကြောင့် ယ နေ့ ကူညီ
ခဲ့သူများကို -ကျေးဇူးတင် ပါ
တယ် -ဆိုတဲ့ စကားနဲ့ တုန့်
ပြန်စကားမျှနဲ့ မပြည့်စုံနိုင်
ပေမဲ့ ======
ကျန်းမာ ထီပေါက် နိဗ္ဗာန်
ရောက် ၊ ချဲလည်းပေါက်ပါစေ
ဆိုတဲ့ ဆုတောင်းမေတ္တာနဲ့ အတူ " ကျေးဇူးတင် ပါတယ်"
ဟုသာ *****************





No comments:
Post a Comment