Tuesday, December 2, 2014

လျှပ်စစ်မီး အသုံးပြုပုံ

မသေသင့်ဘဲ မသေ ရအောင် အိမ်သုံး လျှပ်စစ် အခြေခံ ဗဟုသုတလေး တင်ပြလိုပါတယ် Phase ,Natural, Earth,မြန်မာ လို အပူကြိုး အအေးကြီုး မြေစိုက်ကြိုး ။ မြေစိုက်ကြိုး နဲ့ အအေးကြိုး လုပ်ဆောင်ချက် ရော အခေါ်ဝေါ်ရော မတူပါဘူး အခုရန် ကုန်မြို့မှာ ကာဘာပါတဲ့ ကြိုးတွေ တပ်နေ တယ် လူမပြောနဲ့ ငှက်တောင် ဓါတ်မလိုက် ဘူး နားလို့ ရ တယ် လို့ အရေးသား တွေက လူပိန်း တွေ ပါ အရင် ကြိုး တွေ ကာဘာမ ပါ ပါဘူး ဆူးလေးဘုရား လမ်းပေါ်က ခိုငှက်တွေ ဓါတ်လိုက်သေ တာ တွေ့ဘူးပါသလား လေထဲမှာ တကြိုးခြင်းမှာ အားရှိပေ မဲ့ ဓါတ်မလိုက်ပါဘူး နောက်ကြုံရင် ပညာရှင်အဆင့် ရှင်းပြပါ့မယ်
နာဂစ်မတိုင်မီက ကောင်းကင်ဓါတ်အားလိုင်းသွယ်တန်းတာ နည်းစနစ်ကြတယ် ရိုးရိုး အများသုံး ၂၃၀ ဗို့အား လိုင်း တောင် ကြိုး၎ ကြိး ရှိတယ် (၁)အပေါ်ဆုံး တကြိုး က ကောင်း ကင်မြေဓါတ်ကြိုး (မိုးကြိုးလွှဲ လို့လဲခေါ်လို့ရတယ်) ပြီးရင် (၂)Phase (အပူကြိုး) (၃) ည ၆နာရီ မှ မနက်၆ နာရီ လမ်မီး ထွန်းပေးတဲ့ကြိုး (၄) Natural (အအေးကြိုး ) (၅)Earth (မြေဓါကြိုး)ဓါတ်တိုင်တိုင်းမှာ မြေစိုက်ကြိုး ရှိတယ် ဓါတ်အားရှိတဲ့ကြိုး Phase က မြေဓါတ် ကွင်း ထဲဖြတ်သွယ် တန်း တယ် ။ နာ ဂစ်အလွန် အိမ်ခွင့်ပြန် တော့ အိမ်ရှေ့က ဓါတ်အားလိုင်းကြိုး၂ ကြိုး ဘဲ ရှိ တော့တယ် မြေစိုက်ကြိုး တွေမရှိတော့ဘူး ( ၂ကြိုး ရှိမီးလင်းတာဘဲ Earth and Natural တူတူ ဘာဘဲကွာ ဆိုပြီး အသိညဏ်မဲ့ အတွေး နဲ့ မီးလင်းရုံဆင်တော့ ပုံပါတိုင်း မသေ သင့်ဘဲ သေရ တာပေါ့) မြေဓါတ်ကြိုး အကြောင်း ရှင်းပြမယ် မသေသင့်ဘဲ မသေရအောင် စွမ်းအင်ဝန်ကြီး ဖတ်မိအောင် ဒီစါကိုရှယ်ပေးကြပါ ။
(၁)ဓါတ်တိုင်တိုင်းမှာ ရှိတဲ့မြေ ဓါတ်ကြိုး က မိုးရွာတဲ့အခါ ဓါတ်အား စီးကြောင်း မိုးရေကတ ဆင့် ရေစိုရာ တလျှောက် လျှပ်စစ် မစီးအောင် ကာကွယ်ပေးပါတယ်(မိုးရွာရွာ နေပူပူ လမ်းလျောက်ရင်း ဓါတ်လိုကမသေတော့ဘူးပေါ့)
(၂) မြေဓါတ်ကွင်း ထဲမှ ဓါတ်အား ရှိကြိုး ဖြတ်သွယ်တန်း ရခြင်း က ကြိုးပြတ်ကြရင် မြေဓါတ်ကြိုး နဲ့ထြီပီး ဒါဏ်ခံကြိုး ပြတ်ကာ ပြတ်ကြတဲ့ဓါတ်အားလိုင်းမှာ ဓါတ်အား မရှိတော့အောင် စီမံထားပါတယ်။
(၃)ကောင်းကင်မြေဓါတ်ကြိုးက ဓါတ်အားလိုင်း တွေရဲ့ အပေါ်ဆုံး မှာ သွယ်တန်းပါတယ် လုပ်ဆောင်ချက်က မိုးကြိုးပစ်ချိန်မှာ ဗို့အား သန်းနဲ့ချီပြီး ရှိပါ တယ် အဲ့ဒီ့ ဗို့အား အိမ်သုံး ဗို့အား ထဲမရောက်အောင် နဲ့ လမ်းပေါ်မှာ လမ်း လျှောက် သူကို ကောင်းကင်မြေဓါတ်ကြိုး ရှိတဲ့နေရာမှ ၄၅ ဒီဂရီတွင်း မိုကြိုးဓါတ်အား မထိအောင်ကာကွယ်ပေးပါတယ်။
(၄)ဓါတ်တိုင်တိုင်းမှာရှိတဲ့မြေ စိုက်ကြိုး က အထက်ဖေါ်ပြပါ ၁-၂-၃ အပြင် ဓါတ်တိုင်နဲ့အိမ် သွယ်တန်းတဲ့ ဝန်ထမ်းကြိုး မှာပါ မိမိ ရရ ဆက်သွယ်ပြီး သွယ်တန်း ရပါမယ် လုပ်ဆောင်ချက်က အိမ်ကိုသွယ်တန်း တဲ့ ဓါတ်အားယိုစိမ့်မှု ရှိရင် ဓါတ်အားပြတ်တောက် ပြီး အိမ်ရှိလူ ဓါတ်လိက်မသေအောင် ကာကွယ်ပါတယ်။ ကောင်းကင် ဓါတ်အား လိုင်းသွယ်တန်းနည်း က ခောဏ် နောက်မပြပါဘူး နည်းစနစ် မမှန် လို့ တင်ပြရခြင်းပါ အစိုးရ က တာဝန်မယူ ရင် ကိုယ်ထူ ကိုယ်ထစနစ် နဲ့ မြေစိုက်ကြိုး ဝယ်ပြီး စွမ်အင်ဝန်ကြီးကို တာဝန်ယူသွယ်တန်း ပေးဘို့ ဝိုင်းပြီးတောင်းဆိုကြပါစို့။ သေဆုံး ပုံနဲ့ တွဲတင်ပြတာက မိုကြိုး အရမ်းပစ်တဲ့ စင်ကာပူ ဘတ်(စ်)ကား မှတ်တိုင် မှာ လူအသက်ကို မိုးကြိုး လွှဲတွေ မြေဓါတ်ကြိုးတွေ နဲ့ကာကွယ် ထားတာကို ပြ တာပါ

No comments:

Post a Comment