အစိုးရ၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး ဦးကျော်မြင့် က
ရွာတန်း (၂၄)ရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းသို့
100 kva /160kva/200kva ထရန်ဖော်မာ(3)လုံး
အကူအညီပေးလာပါတယ်။
မီးလင်းရေးလုပ်ငန်းအတွက် မူလရာထားချက် ထရန်စဖော်မာ(12)လုံးတော့ ပြည့်စုံသွားပြီဖြစ်ပါတယ်။
11KVလိုင်း ၂ မိုင်ခွဲခန့်အတွက် ACSRကြိုးများဝယ်ယူရန်အတွက် လိုအပ်နေသေးသော်လည်း ကော်မတီထံတွင် လုပ်အားခပေးရန်အတွက်သာ ငွေကျန်
တော့သဖြင့် ပစ္စည်းဝယ်ယူခြင်းမပြုနိုင်သေးပါ။
ထရန်ဖော်မာများ 30-12-2014နေ့တွင်ရောက်မည်ဖြစ်ပါတယ်။
လယ်သာ/ကမ်းနီ ဌာန ၊ သရက်ကျွန်းဌာန ၊
ပေါက်တောဌာနများသို့ ပို့ဆောင်မှာဖြစ်ပါတယ်။
ACSRကြိုးများ ယခင်က အစိုးရဌာနမှ ထောက်ပေး
ထားခဲ့သော်လည်း ကြိုးဟောင်းများဖြစ်၍ သက်ဆိုင်
ကျေးရွာဌာနများက မဆွဲစေချင်ကြသဖြင့် ထရန်စဖော်မာတပ်ဆင်ပြီးသောရွာများ ရက်ပိုင်းအတွင်း လျှပ်စစ်မီးလင်းနိုင်ရေး ရည်ရွယ်ချက်
အချိန်နှောင့်နှေးခြင်းဖြစ်ပေါ်နေပါတယ်။
ကြိုးအဟောင်းဖြင့်သွယ်တန်းခြင်းကိုလက်ခံခဲ့သော
တိန်းညက္ကုန်းရွာကို ရက်ပိုင်းအတွင်း လျှပ်စစ်မီးလင်းပေးနိုင်တော့မှာဖြစ်ပါတယ်။
ကြိုးအဟောင်းနဲ့ပတ်သက်ပြီး လိုင်းတည်ဆောက်သူများက အသုံးပြု၍ ရကြောင်းအာမခံချက်ပေးသော်လည်း မိန်ကော်မတီအနေဖြင့် ပြည်သူလက်ခံသောကြိုးအသစ်ဝယ်ယူနိုင်မှသာ ကျန်ရွာများအတွက်ဆက်လက်ဆောင်ရွက်နိုင်တော့မှာ
ဖြစ်ပါတယ်။
ငွေပေးသွင်းရန်ကျန်ရှိနေမှုများကို တစ်ရွာချင်း၊
ပြည်သူကသွင်းထားပြီး၊ကော်မတီခွဲထံကျန်ခြင်း၊
ပြည်သူက ပေးသွင်းရန်ကျန်ခြင်းစာရင်းများကို
သက်ဆိုင်ရာဌာနများ၊၂၄ ရွာသံဃာတော်များထံ
ရက်ပိုင်းအတွင်း တင်ပြနိုင်ရေး ယနေ့
ကွန်ပျူတာစာစီနေပြီဖြစ်ပါတယ်။

No comments:
Post a Comment