Friday, January 2, 2015

နှစ်သစ်ကူး နှစ်ဦး အာယုဒါန(အသက်)အလှူ

ရမည်းသင်းခရိုင်ဆေးရုံ ၊ရွာတန်းတိုက်နယ်ဆေးရုံ၊ ထီးလှိုင်တိုက်နယ်ဆေးရုံများနှင့်ပြင်ပ
လူနာများအား လိုအပ်သောအောက်စီဂျင်ဓာတ်ငွေ့ကို အဆက်မပြတ်လှူဒါန်းနိုင်ရန်ရည်
ရွယ်လျှက် ``ရမည်းသင်းမြို့ ဝါတိုးအလယ်ရပ်နေ ဦးမြင့်ဆွေ+ဒေါ်တင်စု သမီး
မတင်ချိုချိုမြင့် K.Tမိသားစုက အောက်စီဂျင်ဓာတ်ငွေ့ဖိုး ၅၀၀၀၀ိ(ငါးသောင်း)ကျပ်တိတိကို
ယနေ့ ဇန်နဝါရီလ ၁ ရက် ကြာသာပတေးနေ့မှာ အာယုဒါနအသင်းတာဝန်ခံ UKMR.Dm
ထံသို့လှူဒါန်းခဲ့ပါတယ် ။
K.Tမိသားစုအား အထူးပင်ကျေးဇူးတင်ဂုဏ်ယူပါကြောင်း
အာယုဒါနအငးသင်းမှမှတ်တမ်းတင်အပ်ပါတယ် ။ ။
UKMR.Dm
အာယုဒါနအသင်းတာဝန်ခံ ရွာတန်းတိုက်နယ် ရမည်းသင်းမြို့

အာယုဒါနအသင်း အခမဲ့အောက်စီဂျင်လှူဒါန်းရေး ရွာတန်းတိုက်နယ်၊ရမည်းသင်းမြို့

အာယုဒါနအသင်း အဆက်မပြတ် အခမဲ့အောက်စီဂျင်ဓာတ်ငွေ့လှူဒါန်းနိုင်ရန်အတွက်
အသက်အလှူ(အာယုဒါန)အဖြစ် ရမည်းသင်းမြို့ ကြည်တော်ကုန်းရပ်ကွက်
ဦးသိန်းတန်( သိန်းတန်စာပေ) မိသားစုမှ အလှူငွေ ၃၀၀၀၀ိ (သုံးသောင်း )ကျပ်တိတိအား
အသင်းတာဝန်ခံ UKMR.Dm ထံသို့ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်
သိန်းတန်စာပေ မိသားစုအား အသင်းမှအထူးပင်ကျေးဇူးတင်ဂုဏ်ယူမှတ်တမ်းတင်
အပ်ပါတယ် ။ ။
UKMR.Dm
အာယုဒါနအသင်းတာဝန်ခံ ရွာတန်းတိုက်နယ် ရမည်းသင်းမြို့

ရမည်းသင်းမြို့၊ရွာတန်းတိုက်နယ် ဒုတိယအကြိမ် အမေနေ့ပူဇော်ပွဲ အမှတ်တရ

မေမေ့မေတ္တာ နှိုင်းဆိုရာမဲ့
ဝမ်းကြာတိုက်ဝယ်
လူမမယ်ခင် သွယ်သွယ်ကြုံရ
ဝဋ်ဒုက္ခကို ရွှန်းမြလနှယ်
စိတ်မှန်းရွယ်၍ ကာကွယ်စောင့်ရှောက်
လူလားမြောက်အောင်
မကြောက်သေဘေး
ရင်မှသွေးကို အလေးခံကာ
လွယ်ရရှာသည် ကြင်နာဝေဖြာ
မေ့မေတ္တာ
ကြင်နာဝေဖြာ မေ့မေတ္တာ ။ ။

ရမည်းသင်းမြို့ ရွာတန်းတိုက်နယ် ဒုတိယအကြိမ် အမေနေ့ပူဇော်ပွဲ